သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများ၌ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ဆက်လက်ထိုးနှံပေး

ရန်ကုန် ဒီဇင်ဘာ ၁၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်ရှိ အခြေခံပညာကျောင်းများမှ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဗဟို (မူလွန်) ကျောင်းနှင့် လက်ယက်စမ်း အခြေခံပညာမူလတန်း (လွန်) ကျောင်းတို့၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကာကွယ်ဆေးများထိုးနှံပေးရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များခွဲကာ အသက် (၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးခဲ့ကြသည်။

အဆိုပါကာကွယ်ဆေးထိုးနှံနေမှုကို ဆရာ/ ဆရာမများ၊ ရပ်ကွက်/ကျေးအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့် ကလေးအဖွဲ့ဝင်းများက ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ (ပြန်/ဆက်)