ညောင်ဦး ဒီဇင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်မီးသတ်ဦးစီးမှူး၊ ဦးမင်းသိမ်းထွန်း ဦးဆောင်သောမီးသတ်တပ်ဖွဲ့ဝင်များသည် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပုဂံနယ်မြေမီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ တောင်ဘီ ကျေးရွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြင်းကပါကျေးရွာအရန်မီး သတ်တပ်ဖွဲ့ဝင်များသည် ဒီဇင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီက ညောင်ဦးမြို့၊ ပုဂံမြို့ရှိ မဲရုံများနှင့်မဲရုံပတ်ဝန်းကျင် မီးဘေးကြိုတင်ကာကွယ်ရေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၊ ပုဂံမြို့သစ်၊ မြင်းကပါကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် မဲရုံများဖြစ်သော မနုဟာဓမ္မာရုံ၊ မြို့လယ်ဓမ္မာရုံ၊အထကခွဲ(မြင်းကပါ) နှင့်မဲရုံပတ်ဝန်းကျင်လူနေအိမ်များ၊ တောင်ဘီကျေးရွာအုပ်စုအတွင်း ဖွင့်လှစ်ဆောင်ရွက်သွားမည့် အ-လ-ကကျောင်း၊ သမဆိုင်၊ အ-လ-က(ဆယ်လံ)နှင့်ပတ်ဝန်းကျင်လူနေအိမ်များ၊ စုစုပေါင်း မဲရုံ ၆ ရုံ၊အိမ်ခြေ ၂၀၀၊ အိမ်ထောင်စု ၂၂၃၊ လူဦးရေ ၉၇၇ ဦးတို့အားမီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်း၊ အကြံပြုခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းတို့အား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း