ဝမ်းတွင်းမြို့နယ်ရှိ ဈေးများ၌ မီးဘေးလုံခြုံရေး မီးငြှိမ်းသတ်ခြင်းများ သရုပ်ပြ

ဝမ်းတွင်း ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့၌ ဈေးများမီးဘေး အန္တရာယ်ကင်းဝေးစေရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ဦးဆောင်၍ ဝမ်းတွင်းဈေးအတွင်းရှိ ဈေးသူ၊ ဈေးသားများနှင့်ပူးပေါင်းကာ၊ မီးဘေးကြိုတင် ကာကွယ်ရေးသရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းကို ယမန်နေ့က အဆိုပါဈေး၌ ပြုလုပ်ခဲ့ကြသည်။

သရုပ်ပြပွဲတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးမှူး ဦးစိုးထွန်းမှ မီးလောင်မှု အကြောင်းရင်း၊ မီးလောင်မှုအမျိုး အစားများ၊ မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆိုင်ရာဆောင်ရန်၊ ရှောင်ရန်အချက်များ၊ မီးသတ်ဆေးဘူးစနစ်တကျ ကိုင်တွယ်အသုံးပြုနည်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များကဆီမီးငြှိမ်းသတ်ခြင်း၊ ဂက်စ်မီးငြှိမ်းသတ်နည်းတို့ကို လက်တွေ့သရုပ်ပြကာ ဈေးသူ၊ ဈေးသားများ ကိုယ်တိုင်မီးငြှိမ်းသတ်နိုင်စေရန် ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ မီးသတ်ဆေးဘူး စနစ်တကျကိုင်တွယ်အသုံးပြု၍ မီးငြှိမ်းသတ်စေခြင်း၊ မီးသတ်ပိုက်အသုံးပြု၍ မီးငြှိမ်းသတ်စေခြင်းစသည့်လုပ်ငန်းများအား လက်တွေ့ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့နှင့်တာဝန်ရှိသူများ၊ အမှုဆောင်အရာရှိတို့မှ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)