အမရပူရမြို့နယ်၌ ဧရာမင်း မိုးစပါး တစ်ဧက အစိုအထွက်တင်း ၁၃၉ တင်းထွက်ရှိ

အမရပူရ ဒီဇင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာရှိ တောင်သူ ဦးအောင်မျိုးထွန်း၏ ကွင်းအမှတ် ၅၇၀-၁၊ ဦးပိုင်အမှတ် ၆၃/၁ ပေါက်အင်းကွင်းရှိ ဧရာမင်း  မိုးစပါးစိုက်ဧက ၃ဒသမ၁၈ ဧကကို ယနေ့နံနက် ၉ နာရီက အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကိုပြုလုပ်ခဲ့သည်။

အဆိုပါ မိုးစပါး စံကွက်ရိတ်သိမ်းပွဲသို့ အမရပူရခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ကိုလင်း၊ အမရပူရမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ဦး အမရပူရမြို့နယ် စိုက်ပျိုးရေးကြီးကြပ်ကော်မတီဝင်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဖိတ်ကြားထားသော တောင်သူများ တက်ရောက်ခဲ့ကြသည်။

တက်ရောက်လာသော ဌာနဆိုင်ရာများနှင့် တောင်သူများကို စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဦးမျိုးလှိုင်က ဧရာမင်း မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေးဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။

ယခုရိတ်သိမ်းသော မိုးစံပါးစံကွက်တွင် တစ်ဧက အစိုတင်း ၁၃၉ တင်း ထွက်ရှိကြောင်း သိရသည်။

စိုးသီဟ(အမရ)