မိုင်းဖြတ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က အသိပညာပေးဟောပြောပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များ၊ မူးယစ်ဆေးဝါးကျေးကျွန်ဘဝမရောက်ရှိအောင် ကျောင်းသား၊ လူငယ်များ ရှောင်းရှားရမည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ်ကို နိုင်ငံတော်အစိုးရမှ မဟာဗျူဟာများ၊ နည်းဗျူဟာများချမှတ်ကာ ဘက်ပေါင်းစုံမှ ကာကွယ်တိုက်ဖျက်နေမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဒုတိယဦးစီမှူး ဦးကျော်သူရက မူးယစ်ဆေးဝါး၏အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲပါက လူတို့၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာများ ပျက်စီးပုံများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)