မိုင်းခုတ်မြို့တွင် စာဖတ်ရှိန်​မြှင့်တင်​​​ရေး နယ်လှည့်စာကြည့်တိုက်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

မိုင်းခုတ် ဒီဇင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်​ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ နယ်လှည့်စာ​ကြည့်တိုက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဝန်ထမ်းများက သုတ၊ ရသ အစရှိသည့် စာအုပ်စာစောင်များအား စုံလင်စွာ သယ်​ဆောင်၍ စာဖတ်ပရိတ်သတ်များထံသို့ လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခြင်းနှင့် သုတ၊ ရသ စာအုပ်စာစောင်အသစ်များအား လဲလှယ်ပေးခြင်တို့ကို ဆောင်ရွက်ခဲ့သည်။

နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးရခြင်း၏ ရည်ရွယ်ချက်မှာ အများပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ အသစ်ထပ်မံရောက်ရှိသည့် စာအုပ်စာစောင်များအား အချိန်နှင့်တပြေးညီ ဖတ်ရှုနိုင်စေရန်နှင့် စာကြည့်တိုက်သို့ လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သော စာဖတ်ပရိတ်သတ်များအတွက် အဆင်ပြေလွယ်ကူစွာ ဖတ်ရှုနိုင်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ခင်သန္တာအောင်