မူဆယ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ရွေးကောက်ပွဲကျင်းပမည့် မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များတွင် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများကို မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင် ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးနေဝင်းတိုး ဦးဆောင်၍ ခရိုင်/မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မဲရုံအနီးပတ်ဝန်းကျင်ရှိ ရပ်ကွက်များတွင် ရွေးကောက်ပွဲကျင်းပစဉ်ကာလ ပေါ့ဆမှုကြောင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပွားစေရေးနှင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပစဉ်ကာလတွင် မဲဆန္ဒရှင်ပြည်သူများ စိတ်အေးချမ်းသာစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသံချဲ့စက်ဖြင့်ရပ်ကွက်များတွင် မီးသတိရှိစေရေး အသိပေးနှိုးဆောင်ခြင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သော တစ်အိမ်တက်ဆင်းစစ်ဆေးအကြံပေးခြင်းများ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချယ်ရီမြေ(မူဆယ်)