ခိုလမ် ဒီဇင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများသည် Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း(ဝမ်ဖွီး)နှင့် အခြေခံပညာမူလတန်းကျောင်း(နောင်ပိန်)တို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ စာအုပ်၊ စာစောင်များ ငှားရမ်းပေးရာတွင် ကျောင်းသား/ကျောင်းသူများမှ မိမိတို့၏ ကိုယ်ပိုင်အားလပ်ချိန်များတွင် အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ ဉာဏ်ရည်၊ ဉာဏ်သွေး မြင့်မားလာစေရန်၊ အသိပညာဗဟုသုတများ တိုးပွားစေရန်၊ စာဖတ်ရှိန်တိုးတက်မြှင့်မားရေး၊ ပြင်ပဗဟုသုတများနှင့် ကျန်းမာရေး၊ ပညာရေး၊ အားကစားရေးရာကဏ္ဍများကို လေ့လာဖတ်ရှု၍ အဖက်ဖက်မှ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံ့သားကောင်း လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ခိုလမ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက Mobile Library စနစ်ဖြင့် သုတ၊ ရသစာအုပ်များကို အခမဲ့သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကျော်ဇင်(မြို့နယ်၊ ပြန်/ဆက်)