ရန်ကင်း ဒီဇင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက်အရွယ်အပိုင်းအခြားအလိုက် ကာကွယ်ဆေးများ အပြည့်အဝရရှိစေရေး ရည်ရွယ်ကာ ပြည်သူလူထုအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ် ၁၁ ရပ်ကွက် သာသနရက္ခိတကျောင်းဆေးထိုးစုရပ်နှင့် ဒေသန္တရဆေးထိုးစုရပ်များတွင် တပြိုင်တည်းဆောင်ရွက်သည်။
ထိုသို့ ပြည်သူလူထုအခြေပြုသားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ရန်ကင်းမြို့နယ်မှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီသီလတ်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူလူထုအတွင်း ဦးတည်အုပ်စုများဖြစ်သည့် အသက် ၉ နှစ်မှ အသက် ၁၂ နှစ်အကြား အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် သားအိမ်ခေါင်းကင်ဆာ ရောဂါအကြောင်း သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)