ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ ဒီဇင်ဘာလအားကစားလတွင် ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဒဂုံတောင် ဒီဇင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဒီဇင်ဘာလအားကစားလတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံခိုင်စေရန်ရည်ရွယ်၍ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲများကို ယမန်နေ့က စတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းပေါင်းစုံအားကစားပြိုင်ပွဲများအဖြစ် ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ကြက်ဖခွပ်ပြိုင်ပွဲ၊ ထုတ်ဆီးထိုးစသည့်ပြိုင်ပွဲများကို ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အ‌ခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်း (၄၂) ကျောင်းတွင် ဒီဇင်ဘာ ၉ ရက်နေမှ ဒီဇင်ဘာ၁၁ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နေမျိုးအောင်