ကျိုင်းလပ် ဒီဇင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲရုံများ မီးဘေးလုံခြုံရေး၊ မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ်ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရေးအတွက် မဲရုံများ မီးဘေးလုံခြုံရေး ကြိုတင်စစ်ဆေးဆောင်ရွက်ခြင်းကို ကျိုင်းလပ်မြို့ရှိ နယ်မြေမီးသတ်စခန်းက ယနေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ မဲရုံများ မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်ရာတွင် ကျိုင်းလပ်မြို့ နယ်မြေမီးသတ်စခန်း တာဝန်ခံဦးလှမင်းထက်နှင့်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မဲရုံများတွင် မီးဘေးလုံခြုံရေး သဘာဝဘေးအန္တရာယ်ကာကွယ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးအပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်မှုမရှိစေရေး၊ ရပ်ကွက်ကျေးရွာများတွင် မီးသတိပြုရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိုင်းလပ်မြို့တွင် မြို့ပေါ်ရပ်ကွက်(၃)ခုနှင့် ကျေးရွာအုပ်စု(၃)အုပ်စုတို့၌ မဲရုံ(၈)ရုံဖွင့်လှစ်၍ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးခြင်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စန်းစန်းမြင့်(ပြန်/ဆက်)