မိုင်းခုတ်ဒီဇင်ဘာ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန(community center)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နံရံကပ်စာစောင်များအဖြစ် မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့်ရရှိလာနိုင်သည့် ဆိုးကျိုးများအကြောင်း၊ လူ့ဘဝအားအညွန့်တုံးစေသည့် မူးယစ်ဆေးဝါးအားလူငယ်များအနေဖြင့် ဝေးဝေးမှရှောင်ရှားသင့်ပုံစသည်များ လူကုန်ကူးမှုနှင့်သက်ဆိုင်သည့် အသိပညာပေးအကြောင်းအရာများ စသည်တို့ကိုပြသသည်။
ဆက်လက်၍ ခင်းကျင်းပြသထားသည့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေး သုတ၊ရသအစရှိသည့် စာအုပ်စာစောင်များကိုလည်း ကျောင်းသား၊ကျောင်းသူများ ဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ခင်သန္တာအောင်မိုင်းခုတ်မြို့(ပြန်/ဆက်)