မိုးနဲမြို့နယ်တွင် မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စမ်းစစ်ခြင်းများဆောင်ရွက်

မိုးနဲ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ရေး စမ်းစစ်ခြင်းကို ဒီဇင်ဘာလ ၃ ရက်နေ့မှ  ယနေ့အထိ အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

မြို့နယ်အဆင့် လူရည်ချွန်စမ်းစစ်ခြင်းကို အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းများရှိ (Grade-9) မှ (Grade-12) ထိ ကျောင်းသား၊‌ ကျောင်းသူ (၂၂) ဦးဝင်ရောက်ဖြေဆိုခဲ့ကြပြီး၊ စမ်းစစ်ခြင်း စာမေးပွဲတွင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေ ဗဟုသုတဘာသာရပ်၊ ယုံကြည်မှုနှင့်ကိုယ်ကာယကြံ့ခိုင်မှု အားကစားနည်း (၅) မျိုးကို လက်တွေ့ပြုလုပ် ဖြေဆိုခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)