မိုင်းတုံ၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိ

မိုင်းတုံ ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာမကျန် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၈)ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကျင်းပတော့မည်ဖြစ်ရာ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးနှင့် မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မိုင်းတုံခရိုင်အတွင်းရှိ မြို့နယ်၊ မြို့များ၊ ရပ်ကွက်၊ ကျေးရွာများတွင်ရှိသော အိမ်တိုင်းတွင် တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါ တစ်အိမ်တက်ဆင်းမြေပြင်ကွင်းဆင်း စာရင်းကောက်ယူ တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် မိုင်းတုံခရိုင်၏ ကြီးကြပ်မှုဖြင့်မြို့နယ် ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်မှ တာဝန်ရှိသူများ ပါဝင်သည့် အဖွဲ့များဖြင့်  ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ စာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို စနစ်တကျ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်း မပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများဖြင့်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိပြီး ယင်းမဲစာရင်းမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်းမြေပြင် ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်မှုကို မိုင်းတုံမြို့နယ်တွင် စာရင်းရှိအုပ်စု (၁၃)အုပ်စုတွင် မဲ‌ပေးပိုင်ခွင့်ရှိသူပေါင်း (၃၂၇၃၁) ဦးတို့တွင် တာဝန်ရှိသူအဆင့်ဆင့်တို့က မဲစာရင်းမှန်ကန်စေရေးအတွက် စနစ်တကျ တိုက်ဆိုင်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)