မိုင်းဖြတ်မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစာရင်း တိုက်ဆိုင်စစ်ဆေးလျက်ရှိ

မိုင်းဖြတ် ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မိုင်းဖြတ်မြို့နယ်၌ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး တစ်အိမ်တက်ဆင်း (Door to Door) မြေပြင်ကွင်းဆင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က ဈေးတန်း(ကွက်သစ်)ရပ်ကွက်တွင် ကွင်းဆင်းစစ်ဆေးလျက်ရှိ‌သည်။

ထိုကဲ့သို့ မဲစာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေများကို နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအားကိုနှင့်အဖွဲ့ဝင်များက မြေပြင်ကွင်းဆင်း စစ်ဆေးရေးအဖွဲ့၏ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသူများ မကျန်ရှိစေရေး စနစ်တကျ တိုက်ဆိုင်စစ်ဆေးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)