တန့်ယန်း ဒီဇင်ဘာ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့် အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်း ဖြစ်သည့်အတွက် မဲစာရင်းတွင် ကျန်ရှိမှုမရှိစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်း စစ်ဆေးခြင်းနှင့် မဲစာရင်း ပိုမိုပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် တစ်အိမ်တက်ဆင်း (Door to Door) တိုက်ဆိုင်စစ်ဆေးခြင်းအား ဆောင်ရွက်နေလျက်ရှိရာ ခရိုင်နှင့် မြို့နယ်တို့မှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင် ခိုယောင်းကျေးရွာအုပ်စု၌ လိုက်လံကြည့်ရှုခဲ့သည်။
ထိုသို့ လိုက်လံကြည့်ရှုရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီးမြင့်အောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်မျိုးထွန်းနှင့် တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း (Door to Door) တိုက်ဆိုင်စစ်ဆေးခြင်းအား ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မင်းလွင်ဦး(တန့်ယန်း)