မိုးနဲ ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူးရုံး၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း ၁/၂၀၂၅ သင်တန်းဆင်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ ရုံးသင်တန်းခန်းမတွင် ကျင်းပပါသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်က သင်တန်းဆင်းအမှာစကားပြောကြားပြီးနောက် သင်တန်းဆင်းလက်မှတ်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌကလည်းကောင်း၊ စစ်ရေးပြထူးချွန်ဆုကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းစိုးကလည်းကောင်း၊ မီးသတ်ပညာထူးချွန်ဆုကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကိုကိုသက်ကလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြသည်။
အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေးမွမ်းမံသင်တန်း(၁/၂၀၂၅)သို့ သင်တန်းသား ၅၀ ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတွင် လက်နက်မဲ့စစ်ရေးပြဘာသာရပ်၊ မီးသတ်ပညာဘာသာရပ်များကို စာတွေ့/လက်တွေ့ လေ့ကျင့်သင်ကြားပေးပြီး ရက်သတ္တပတ် ၄ ပတ်ကြာ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)