နမ့်စန်(တ) ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်လူရည်ချွန်ကျောင်းသားကျောင်းသူများ ရွေးချယ်ရေးဆိုင်ရာလုပ်ငန်းများကို ဒီဇင်ဘာလ ၃ ရက် မှစတင်၍ ဆောင်ရွက်လျက်ရှိရာ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုစစ်ဆေးခြင်းကို ယနေ့ နံနက် ၈နာရီက အမှတ် (၂) ရပ်ကွက်ရှိ အထက (နမ့်စန်) ဘောလုံးကွင်းအတွင်း ဆောင်ရွက်ခဲ့သည်။
ကျောင်းသားကျောင်းသူများ ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ယုံကြည်မှုယှဉ်ပြိုင်နေမှုကို မြို့နယ်ပညာရေးမှူး ဦးဇင်မင်းထွန်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးအေးချမ်းနိုင်နှင့် ပညာရေးဌာနမှ တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
လူရည်ချွန်ရွေးချယ်ရေးကိုယ်ကာယကြံ့ခိုင်ရေးနှင့်ယုံကြည်မှုစစ်ဆေးခြင်းတွင် အပြေး မီတာ ၁၀၀၊ လက်ထောက်မှောက်တွန်းတင်၊ ရပ်လျက်အလျားခုန်၊ အိပ်ထမတင်၊ အပြေး မီတာ ၈၀၀ (ကျား) နှင့် မီတာ၄၀၀ (မ) စုစုပေါင်း (၅) မျိုးယှဉ်ပြိုင်ရမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အထက၊ အထက(ခွဲ)၊ အလက(ခွဲ)နှင့်ကိုယ်ပိုင်အထက်တန်းကျောင်း စုစုပေါင်း(၉)ကျောင်းရှိ Grade-9 ၊ Grade-10၊ Grade-11နှင့်Grade-12 တို့မှ ကျောင်းသားကျောင်းသူ စုစုပေါင်း(၃၁)ဦးဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)