မိုင်းရယ် ဒီဇင်ဘာ ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဦးစီး၍ အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် (၁၀) နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမတွင် ပြုလုပ်သည်။
အခြေခံပညာအလယ်တန်းအဆင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို မိုင်းရယ်မြို့ အမှတ်(၁)အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား/သူ (၂၅) ဦး ပါဝင်ယှဉ်ပြိုင်ကြသည်။ ယင်းနောက် ကျောင်းသား/သူများက မိုင်းရယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုင်းရယ်ပြန်/ဆက်