ဇမ္ဗူသီရိ ဒီဇင်ဘာ ၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရန် သတ်မှတ်ချက်ပုံစံနှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင် ပါဝင်နိုင်ရေးနှင့် အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိစေရေးတို့အတွက် ယမန်နေ့ နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ သွားရောက်၍ ပျဉ်းမနားခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်မှုးကြီး ထွန်းလင်းဦးနှင့်အဖွဲ့ဝင် ဦးသီဟဗိုလ်၊ ပျဥ်းမနားခရိုင် လဝကဦးစီးမှူး ဦးအောင်ဆန်းဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇေနော်ဝင်းနှင့်အဖွဲ့ဝင် ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းဌေး၊ ဇမ္ဗူသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးကျော်လွင်နှင့် အတွင်းရေးမှူး ဒေါ်မေမဉ္ဇူ၊ မြို့နယ်လဝက ဦးစီးမှူး ဦးဇင်မင်းသော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စွမ်းအင်ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန သို့သွားရောက်၍ ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်း ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ဦခွဲ၊ အဖွဲ့ဝင်များပူးပေါင်း၍ နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲစာရင်း၌ မိမိအမည် မပါဝင်ပါက ပုံစံ (၃)ဖြင့် လည်းကောင်း၊ မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို ဝန်ကြီးဌာနများအရောက် (Door to Door) လိုက်လံ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
နီလာ(ပြန်/ဆက်)