သီပေါ မတ် ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ယနေ့ နံနက်ပိုင်းမှ စတင်၍ ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်နိုင်ရေး ပြည်သူများကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်အတွက် ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်တွင် ပညာပေးစာစောင်များပြသခြင်း၊ စာကြည့်တိုက်သို့ လာရောက်အသုံးပြုသူများအား လက်ဆေးသန့်စင်မှုပြုလုပ်နိုင်စေရန် လက်ဆေးရေများကို အသင့်ထားရှိပေးထားကြောင်း သိရသည်။
ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်အဆုတ်ရောင်ရောဂါ မဖြစ်ပွားစေရေးအတွက် ကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်နေကြပြီဖြစ်၍ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန် အဆုတ်ရောင်ကူးစက်ရောဂါနှင့် ပတ်သက်သည့် နံရံကပ်စာစောင်များကို ပြည်သူအများမြင်သာ၍ စိတ်ဝင်စားမှု ရှိအောင် ရုံးရှေ့ရှိမြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသထားပြီး မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့် ဝန်ထမ်းများကလည်း သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးပေးလျက်ရှိသည်။
ထို့အပြင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်အသုံးပြုသည့် စာငှား/စာဖတ်ပရိတ်သတ်များအတွက် လက်သန့်စင်မှု ပြုလုပ်နိုင်ရန် လက်ဆေးဆပ်ပြာဆီ၊ လက်ဆေးရေများ၊ Hand Gel များ အဆင်သင့်ထားရှိ ပေးထားကြောင်းနှင့် စနစ်ကျ လက်ဆေးသန့်စင်နည်းများကိုလည်း ပြသပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ ပြန်/ဆက်)