ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲ ကျင်းပ

ငါန်းဇွန်  ဒီဇင်ဘာ 

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၌ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို မြို့နယ်ပညာရေးမှူးဌာနမှ ကြီးမှူး၍ ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီက စတင်၍ ငါန်းဇွန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာစာဘာသာ စတင်ဖြေဆိုကျင်းပခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ်၊ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ပြိုင်ပွဲကို မြို့နယ်ပညာရေးမှူးဌာန၊ မြို့နယ်ပညာရေးမှူး ဒေါ်အေးဆုမွန်ထွန်းမှ တာဝန်ယူကြီးကြပ်၍ ငါန်းဇွန်မြို့၊ အခြေခံပညာ အထက်တန်း ကျောင်းတွင် မြန်မာစာဘာသာဖြင့် စတင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ပွဲကို ရေးဖြေ၊ နှုတ်ဖြေဖြင့် ယှဉ်ပြိုင်ရွေးချယ်သွားမှာဖြစ်ပြီး (၃-၁၂-၂၀၂၅) ရက်နေ့တွင် မြန်မာစာဘာသာနှင့် အင်္ဂလိပ်စာဘာသာရပ်များ ဖြေဆိုမှာဖြစ်ပြီး (၄-၁၂-၂၀၂၅) ရက်နေ့တွင် အထွေထွေဗဟုသုတနှင့် လူတွေ့နှုတ်ဖြေများ ယှဉ်ပြိုင်ဖြေဆိုကာ (၅-၁၂-၂၀၂၅) ရက်နေ့တွင် ကိုယ်ကာယကြံ့ခိုင်မှုစစ်ဆေးခြင်းများကို ယှဉ်ပြိုင်ရွေးချယ်သွားမည်ဖြစ်ကြောင်း သိရသည်။

လူရည်ချွန်ရွေးချယ်ပွဲတွင် ငါန်းဇွန်မြို့နယ်ရှိ အ.ထ.က ငါန်းဇွန်၊ အ.ထ.က ခြင်္သေ့လက်၊ အ.ထ.က မြို့သာနှင့် အ.ထ.က (ခွဲ) ကျောက်တလုံးကျောင်းများမှ Grad-9၊ Grad-10၊ Grad-11 နှင့် Grad-12 အတန်းတို့မှ ကျောင်းသား/ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။ ဝင်ရောက်ဖြေဆိုခွင့်ရရှိသူ ကျောင်းသား/ကျောင်းသူ (၃၁) ဦးရှိရာ ကျန်းမာရေးအရဖြေဆိုရန် ပျက်ကွက်သူ (၆) ဦး ရှိကြောင်းနှင့် လာရောက်ဖြေဆိုသူ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၅) ဦးရှိကြောင်း သိရသည်။ မြို့နယ်အဆင့် လူရည်ချွန်ရွေးချယ်ခံရသော ကျောင်းသား/ကျောင်းသူများသည် ခရိုင်အဆင့် လူရည်ချွန်ရွေးချယ်ပွဲကို ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုနိုင်(ပြန်/ဆက်)