နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်၌ မဲစာရင်းများ ဒုတိယအကြိမ်ကြေညာထားမှု၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး တစ်အိမ်တက်ဆင်း ကွင်းဆင်းစိစစ်နေမှု ကြည့်ရှုအားပေး

ဥတ္တရသီရိ ဒီဇင်ဘာ ၄

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဦးဇေယျာလင်းသည် ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများ ဒုတိယအကြိမ် ကြေညာထားမှုအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊  ရွှေနံ့သာရပ်ကွက်အတွင်း တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးရေးအဖွဲ့၏ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှုကို ကြည့်ရှုအားပေးပြီး မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ မပါရှိစေရေးအတွက် စနစ်တကျစိစစ်ဆောင်ရွက်ကြရန်လိုကြောင်းနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဥတ္တရသီရိမြို့နယ်အနေဖြင့် တစ်အိမ်တက်ဆင်း (Door to Door) စနစ်ဖြင့် မဲစာရင်း တိုက်ဆိုင်စစ်ဆေးရေးအဖွဲ့များအလိုက် ရပ်ကွက်နှင့် ကျေးရွာများသို့ကွင်းဆင်း၍ မဲစာရင်းများပြည့်စုံ မှန်ကန်စေရေးနှင့် မဲစာရင်းတွင် ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ မဲစာရင်းတွင် မပါဝင်သင့်သူများ မပါရှိစေရေးအတွက် မိမိတို့နေထိုင်ရာဒေသတွင် ပုံစံ(၆၆/၆)ရှိပြီး မဲစာရင်း၌ မိမိအမည်မပါဝင်သည့် ပြည်သူများအား ထည့်သွင်းပေးရန် တောင်းဆိုလွှာ ပုံစံ (၃)ဖြင့်လည်းကောင်း၊ မဲစာရင်းပါအမည်နှင့် အခြားအချက်အလက်များအား ကန့်ကွက်ရန်ရှိပါက ကန့်ကွက်လွှာ ပုံစံ (၄)ဖြင့်လည်းကောင်း၊ မဲစာရင်းပါ အချက်အလက်တစ်ခုခုကို ပြင်ဆင်ရန်ရှိပါက ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့်လည်းကောင်း ဆောင်ရွက်နိုင်ရေး တိုက်ဆိုင်စစ်ဆေးပေးလျက်ရှိသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်များသည် တာဝန်ရှိသူများနှင့်အတူ ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးဘေးတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့မှကြီးကြပ်၍ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးဝန်ထမ်းများနှင့် ပြည်သူများမှ အဆိုပါလမ်းမကြီး‌ဘေးရှိ သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ဥတ္တရ)