ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင် လယ်‌ဝေးမြို့၌ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုအားပေး

လယ်ဝေး ဒီဇင်ဘာ ၄

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမျိုးလှိုင်သည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်၊ အားကစားလေ့ကျင့်ရေးစခန်း၊ အမှတ်(၂)၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များအား Installation လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုအား‌ပေးသည်။

ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ဦးမျိုးလှိုင်သည် နည်းပညာအထောက်အကူပြုအဖွဲ့ဝင်များက မဲပေးစက်များ Installation လုပ်ငန်းဆောင်ရွက်ရန် စက်ပစ္စည်းတပ်ဆင်ခြင်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးသည်။ ထို့နောက် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ ရောက်ရှိထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ အဆိုပါ လုပ်ငန်းတွင် လယ်ဝေးခရိုင်နှင့် ပျဉ်းမနားခရိုင်တို့မှ နည်းပညာအထောက်အကူပြုအဖွဲ့ဝင် ၆၀ ဦးက မဲပေးစက် Installation လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)