သီပေါ ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက သီပေါမြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများပြည့်စုံ မှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများက တစ်အိမ်တက်ဆင်းစနစ်ဖြင့် မြေပြင်ကွင်းဆင်း၍ စာရင်းကောက်ယူနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မဲစာရင်းမှန်ကန်စေရေး ကြီးကြပ်လုပ်ငန်းအဖွဲ့ (၂၄)ဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး စသည်တို့အတွက် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် နိုဝင်ဘာလ ၂၉ ရက်နေ့ကစတင်၍ ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)