မိုင်းကိုင် ဒီဇင်ဘာ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လွိုင်လင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁)နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စုစာရေးများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် လွိုင်လင်ခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ရဲရင့်ကျော်က အမှာစကားပြောကြားရာတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အထက်ဌာနအကြီးအကဲများက ချမှတ်ထားသည့် မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားရန်၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာပြီး မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး Door to door စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်နေသည့် ဌာနဆိုင်ရာကွင်းဆင်းအဖွဲ့များအနေဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်မြင်စေရေး ကြိုးပမ်းဆောင်ရွက်သွားရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်ကလည်း ကြပ်မတ်မှု၊ အုပ်ချုပ်မှု၊ ထောက်ပံ့မှုများကို ဆောင်ရွက်သွားရာမှာကြားပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများက မိမိတို့လုပ်ငန်းဆောင်ရွက်အခြေအနေများကို ပြန်လည်ဆွေးနွေးတင်ပြကြပြီး ဆုံးဖြတ်ချက်များအသီးသီး ချမှတ်ခဲ့ကြသည်။
မိုင်းကိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်ပြည်သူများ မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး မဲစာရင်းကွင်းဆင်းစစ်ဆေးရေးအဖွဲ့ (၂၂)ဖွဲ့တို့ဖြင့် ဒီဇင်ဘာလ ၆ ရက်နေ့အထိ နေ့စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချော(မိုင်းကိုင်)