မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်

ရေး ဒီဇင်ဘာ ၁

မွန်ပြည်နယ်၊ ရေးခရိုင်၊ လမိုင်းမြို့နှင့် ခေါဇာမြို့တို့တွင် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေး door to door စနစ်ဖြင့် အိမ်တိုင်ရာရောက် ကွင်းဆင်းစစ်ဆေးခြင်းကို ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများပါဝင်သော ပူးပေါင်းအဖွဲ့တို့သည် နိုဝင်ဘာ ၂၇ ရက်က စတင်ဆောင်ရွက်သည်။

ထိုသို့ မဲဆန္ဒရှင်စာရင်းများ မှန်ကန်ပြည့်စုံစေရေး ဆောင်ရွက်ပေးရာတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသူများမကျန်ရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းတွင် အမည်မပါရှိပါက တောင်းဆိုလွှာပုံစံ () ဖြင့် လည်းကောင်း၊ မဲဆန္ဒရှင်စာရင်းတွင် မပါဝင်သင့်သူများပါဝင်နေပါက ကန့်ကွက်ခြင်းပုံစံ(၄)ဖြင့် လည်းကောင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ခြင်းကိုလည်းကောင်း အဖွဲ့လိုက်တစ်အိမ် တက်ဆင်းတိုက်ဆိုင်စစ်ဆေးပေးသည်။

အဆိုပါမဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့် အခွင့်အရေးပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်း မှန်ကန်ပြည့်စုံစေရေးနှင့် ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းများကို ပူးပေါင်းအဖွဲ့တို့က ဒီဇင်ဘာ ၆ ရက်ထိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မင်းမင်း