လားရှိုးမြို့တွင် “ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

လားရှိုး ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်အခွင့်အရေး ပြည့်ဝစွာရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန် ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန် ရည်ရွယ်၍ “ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင်ကို ယမန်နေ့က လူစည်ကားရာ‌ နေရာဖြစ်သောကားဂိတ်နှင့် မြို့မဈေးတို့တွင် သွားရောက်ဖြန့်ဝေခဲ့သည်။

အဆိုပါ အသိပညာပေးလက်ကမ်းစာစောင်တွင် ဒီမိုကရေစီပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်းမရှိပါ၊ ပြည်သူများလိုလားသည့် ဒီမိုက‌ရေစီနိုင်ငံတော်ကို  ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီးမဲပေးကြပါစို့၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ဦးဆောင်နိုင်သူ ရွေးချယ်ကြပါစို့ စသည့်အကြောင်းအရာများပါဝင်ပြီး  ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး အခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)