မိုင်းတုံ ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ တာဆန်းသို့ ရှမ်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် အဖွဲ့များသည့် ၂၀၂၅ ခုနှစ်၊ ယမန်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် ရောက်ရှိပြီး တံတားအမှတ်(၁/၁၈၅) သံလွင်တံတား/ တာဆန်းတံအရှည် ၈၇၆ ပေ (၂၆၆.၈၆၁ မီတာ) တံတားခန်းဖွင့် ၁၁ မီတာ× ၁ ခန်း) ၂၄.၅ မီတာ× ၁ ခန်း)+ (၁၂၀ မီတာ× ၁ ခန်း)+ ၁၈.၂၈၇ မီတာ× ၃ ခန်း တံတားအမျိုးအစား အောက်ခံအုပ်မြစ် RCC Bored Plle ,တံတားကိုယ်ထည်- RC Concrete တံတားအပေါ်ထည်-35 Span Continuous Steel Truss& RC slab အကျယ် ၂၃ ပေ(၇ မီတာ) ရေလမ်းကင်လွှတ်အကျယ်-၂၈၀ ပေ၊ ရေလမ်းကင်လွှတ်အမြင့်- ၃၄ ပေ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြည်ထောင်စု ငွေလုံးငွေရငါရန်ပုံငွေ (၂,၄၀၀,၀၀၀) သန်း ၆-၂-၂၀၁၉ ရက်နေ့တွင် စတင်ဆောင်ရွက်နေသည့် တံတားဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးတင်မောင်ထွေးက တံတားနှင့်ပတ်သက်သည်များကို တင်ပြရှင်းလင်းပြီးနောက် မိုင်းတုံသို့ ဆက်လက်ထွက်ခွာခြင်း၊ မိုင်းတုံမှမိုင်းဆတ်သို့ ၁ နာရီ ၅၀ အချိန်တွင်ထွက်ခွာခဲ့ရာ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ပြည်နယ်အစိုးရရန်ပုံငွေ (၁၁၁.၅၅) သန်းဖြင့် မိုင်းတုံ-မိုင်းဆတ်သွားလမ်း (၈ မိုင်) အတွင်း ကျောက်စီမြေထိန်း အရှည် (၂၇၀) ပေ၊ အကျယ် (၃) ပေအမြင့် (၆) ပေကိုလည်းကောင်း၊( ၉ မိုင်) အတွင်း ပြည်နယ်အစိုးရရန်ပုံ ငွေ (၉၈.၅) သန်းဖြင့် ကျောက်စီမြေထိန်း အရှည် (၂၄၅) ပေ၊ အကျယ် (၃) ပေအမြင့် (၆) ပေ၊ လုပ်ငန်းကို ဆောင်ရွက်ထားရှိမှု အခြေအနေအား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့် အဖွဲ့မှကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ် အရှေ့ပိုင်းလမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးသူရဇော်က လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် ၃ နာရီအချိန်တွင် မိုင်းဆတ်သို့ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)