လဲချား ဒီဇင်ဘာ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ်တွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ဆောင်ရွက်ခဲ့ပါသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကားပြောကြာပြီး လွိုင်လင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးရာဇာက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သင်တန်းတွင်အသုံပြုမည့် ကုန်ကြမ်းပစ္စည်းများအား သင်တန်းသူ/သားများသို့ တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းကို လွိုင်လင်ခရိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဆပ်ပြာဆီ၊ သဘာဝခေါင်းလျော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလိမ်းဆီစသည့်လုပ်ငန်းများကို ဒီဇင်ဘာ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ သင်တန်းသား/သူ (၂၀) ဦးဖြင့် လာရောက်ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး သင်တန်းတွင် ဆုရရှိသည့် သင်တန်းသူ/သား (၃)ဦးအား အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ပြုလုပ်နိုင်ရေးအတွက် ကူညီထောက်ပံ့ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)