ကျောက်မဲမြို့၌ မဲစာရင်းများမှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေး

‌ကျောက်မဲ ဒီဇင်ဘာ ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)ကျောက်မဲခရိုင်ကျောက်မဲမြို့၌ မကြာမီကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာ ၂၈ ရက်‌နေ့ နံနက်ပိုင်းမှစ၍ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေနှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မဲစာရင်းများမှန်ကန်စေရေး၊ မဲစာရင်း၌ပါဝင်သင့်သူများ မကျန်ရှိစေရေး၊ အချက်အလက်များ ပြည့်စုံမှန်ကန်စေရေးတို့အတွက် ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို ရပ်ကွက်/ ကျေးရွာကော်မရှင်အဖွဲ့ခွဲဝင်များ၊ မြေပြင်ကွင်းဆင်းကောက်ယူရေးအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်အနေဖြင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရေးနှင့်ကျန်ရှိမှုမရှိစေရေး တိုက်ဆိုင်စစ်ဆေးခြင်းကို နိုဝင်ဘာ၂၈ ရက်မှ ဒီဇင်ဘာ  ၅ ရက်ထိ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများအလိုက် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောက်မဲခရိုင်ပြန်/ဆက်