မော်လမြိုင် ဒီဇင်ဘာ ၁
မော်လမြိုင်မြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများမကျန်ရှိစေရေး အသက် (၁၈) နှစ်နှင့်အထက်စာရင်း အချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် ရပ်ကွက်/ ကျေးရွာများသို့ တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၃၀ ရက် ညနေပိုင်းတွင် မြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာအသီးသီးတို့၌ တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ရပ်ကွက်/ကျေးရွာများသို့ တစ်အိမ်တက်ဆင်းမဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်း လုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းဝေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များ၊ စာရင်းတိုက်ဆိုင် စစ်ဆေးရေးအဖွဲ့များက လာမည့်အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းရလဒ်မှန်ကန်စေရေးအတွက် ဖွဲ့စည်းထားရှိသည့် ကြီးကြပ်မှုကော်မတီဝင်များဖြင့် မော်လမြိုင်မြို့ပေါ် ရပ်ကွက်များ အသီးသီး၌ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခဲ့ကြသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် မဲစာရင်း မှန်ကန်စေရေးအတွက် တစ်အိမ်တက်ဆင်း မဲစာရင်းတိုင်ဆိုင်စိစစ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့အထိ မဲစာရင်းများကို တစ်အိမ်တက်ဆင်း တိုင်ဆိုင်စိစစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)