တောင်ကြီးမြို့တွင် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင် အခမဲ့ဖြန့်ဝေ

တောင်ကြီး ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲ‌ပေးနိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများမှန်ကန်စေရန်ရည်ရွယ်၍ ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်ကို ယနေ့ မွန်းလွဲ ၁ နာရီက လူစည်ကားရာမြို့မဈေးရှေ့တွင် သွားရောက်ဖြန့်ဝေးခဲ့သည်။

အဆိုပါ နေရာသို့ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက လူစည်ကားရာ မြို့မဈေးရှေ့နှင့်ဗိုလ်ချုပ်ပန်းခြံတို့တွင် ဒို့အတူတူ မဲပေးကြမယ် လက်ကမ်းစာစောင်ကို အခမဲ့သွားရောက်ဖြန့်ဝေးခဲ့ကြကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)