လင်းခေး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့၌ မဲရုံမှူး ၊ ဒုမဲရုံမှူးများနှင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁ ရက် နံနက် ၉ နာရီခွဲက နွယ်ဝတီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းထက်က သင်တန်းအဖွင့်အမှာစကားပြောကြားခဲ့ပြီး တာဝန်ရှိသူများက မဲရုံမှူး၊ ဒုတိယမဲရုံမှူးများအား လုပ်ငန်းလမ်းညွှန်စာအုပ်များ ပေးအပ်ခဲ့ကြောင်းသိရသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိ ဦးချိုနိုင်နှင့် တာဝန်ရှိသူများက တစ်ဆက်တည်း သင်တန်းပို့ချခဲ့ကြောင်း သိရသည်။ လင်းခေးမြို့နယ်တွင် ရပ်ကွက် /ကျေးရွာအုပ်စု (၂၅) ခု နှင့် မဲရုံပေါင်း (၃၈) ရုံရှိရာ သင်တန်းကို ဒီဇင်ဘာ ၁ ရက်မှ ၂ ရက်အထိ သင်တန်းသား ( ၇၆ ) ဦး ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)