ပင်လုံ ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၉)နာရီအချိန်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှု (၁၆)ရက်တာလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ဟောပြောပွဲတွင် လွိုင်လင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နှင်းဝင့်ဝင့်ဆွေက အမှာစကားပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်လူမှုဝန်ထမ်းရုံးမှဒေါ်ခင်မေဦးက ကျား၊ မအခြေပြု အကြမ်းဖက်မှု(Gander Based Violence GBV)နှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ခရိုင်တိုင်းရင်းဆေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်မြင့်က အမျိုးသမီးများနှင့်ကျန်းမာရေးအကြောင်းဟောပြောခြင်း၊ ခရိုင်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်လေးဖြူက အကြမ်းဖက်မှုအမျိုးအစားနှင့် စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအကြောင်းဟောပြောခြင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာရွှေမှ သဘာဝဘေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ အသီးသီးဆောင်ရွက်ခဲ့ကာ တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းကြပြီးနောက် အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးအသင်းအဖွဲ့များ အဆိုပါကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)