မိုင်းရှူး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်အတွင်း ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၇)အုပ်စု၊ မဲရုံ(၃၂)ရုံတွင် တာဝန်ထမ်းဆောင်မည့် မဲရုံမှူး၊ ဒုမဲရုံမှူးများလုပ်ဆောင်ရမည့် လုပ်ငန်းလမ်းညွှန်ဆိုင်ရာသင်တန်းကို ယနေ့နံနက် (၉)နာရီအချိန်က အမှတ်(၂)ရပ်ကွက်၊ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ရွေးကောက်ပွဲအရာရှိ ဦးသိန်းနိုင်က သင်တန်းပို့ချရခြင်း၏ရည်ရွယ်ချက်များ၊ သင်တန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသူ/သင်တန်းသား ဆရာ/ဆရာမများ စုစုပေါင်း(၈၅)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းအား ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်နေ့မှ(၂)ရက်နေ့ထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
သန်းလူ(ပြန်/ဆက်)