နောင်ချို ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်တွင် မဲရုံမှူး၊ ဒုမဲရုံမှူးသင်တန်းကို နိုဝင်ဘာလ ၂၉ရက် နံနက် ၉ နာရီအချိန်က မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဦးစိုင်းထူးလင်းကျော် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိ ဒေါ်မြတ်သူနှင်း၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးသန္တာတို့က ဦးစီးကျင်းပခဲ့ပြီး မဲရုံမှူး၊ ဒုမဲရုံမှူးများဖြစ်သော ဆရာ၊ ဆရာမများ စုစုပေါင်း ၁၀၆ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကို ၂၉-၁၁-၂၀၂၅ရက်မှ ၃၀-၁၁-၂၀၂၅ရက်နေ့အထိ ၂ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိရသည်။
နောင်ချိုမြို့နယ်အနေဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်သင်တန်းများကို ဒီဇင်ဘာလ ၁ ရက်နေ့တွင် နောင်ချိုမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်၊ ပြန်/ဆက်