ကျေးသီး ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲကို ဒီဇင်ဘာလ ၁ ရက်နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်စန်းစန်းယဉ်က ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များ ရှင်းလင်းပြောကြား ပြီး လူငယ်လေးများအား ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များနုတ်မှုစွမ်းရည်ကြွယ်ဝစေရန်၊ လူအများကြားတွင် ပြောတတ်ဆိုတတ်စေရန် စာပေဖတ်ရှုသည့် အလေ့အထရှိစေရန် မှတ်ဉာဏ် စွမ်းရည်ကြွယ်ဝစေရန်နှင့် အသိပညာ အတတ်ပညာများအကြောင်း၊ အထွေထွေဗဟုသုတများ အ ကြောင်း၊ စာအုပ်စာပေများဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ကဗျာရွတိဆိုပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ အခြေခံပညာမူလတန်းလွန်ကျောင်းအမက(လုံပု)မှ ကျောင်းသားကျောင်းသူ(၂၅)ဦးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)