ရပ်စောက် ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ စီစဉ်ကျင်းပသည့် မဲရုံမှူး၊ ဒုမဲရုံမှူးများ လုပ်ငန်းလမ်းညွှန်ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း (ရပ်စောက်) ကျောက်စိမ်းခန်းမ၌ ကျင်းပြုလုပ်သည်။
ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရဲလင်းသူက သင်တန်းဖွင့်လှစ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။ ထို့နောက်သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့က ရွေးကောက်ပွဲဥပဒေ၊ ရွေးကောက်ပွဲနည်းဥပဒေ၊ မဲရုံလုပ်ငန်းလမ်းညွှန်၊ MEVM မဲပေးစက်အသုံးပြုခြင်းဆိုင်ရာနတို့ကို သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး အထွေထွေဆွေးနွေးမေးမြန်းခြင်းနှင့် မဲရုံနမူနာခင်းကျင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းသို့ ရပ်စောက်မြို့နယ်အတွက်ရပ်စောက်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ (၁၇၄) ဦးနှင့် သင်တန်းအား တစ်ရက်တာကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်ပြန်/ဆက်