လဲချား ဒီဇင်ဘာ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲအချိန်က သီရိဟံသာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မိုင်းပျဉ်းမြို့နယ်တွင် ဒုတိယပိုင်းအနေဖြင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို (၁-၁၂-၂၀၂၅)ရက်နေ့မှ (၃-၁၂-၂၀၂၅) ရက်နေ့ အထိ (၃)ရက်တာဖွင့်လှစ်၍ မဲရုံအဖွဲ့ဝင်များမှ ဆောင်ရွက်ရမည့်တာဝန်နှင့်လုပ်ပိုင်ခွင့်အခြေအနေများ၊ မဲစာရင်းစစ်ဆေးသူနှင့် ထိန်းချုပ်စက်ကိုင်တွယ်သူများ၏တာဝန်နှင့်လုပ်ပိုင်ခွင့်များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာလုပ်ငန်းများ၊ (MEVM)စက်များသယ်ဆောင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုရမည့်နည်းလမ်းများ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများအား အသေးစိတ်ပို့ချဆွေးနွေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းကိုတဆက်တည်းပို့ချခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး၊ သင်တန်းကို သင်တန်းနည်းပြ (၃)ဦးမှ ပို့ချဆွေးနွေး၍ သင်တန်းသား၊ သင်တန်းသူ (၁၃၂) ဦးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)