မိုင်းယောင်းမြို့၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

မိုင်းယောင်း နိုဝင်ဘာ ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ယမန်နေ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မြို့နယ်အတွင်း ရပ်ကွက်/​ကျေးရွာအုပ်စုများတွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်​ဆေး​နေခြင်းကို လိုက်လံကြည့်ရှုစစ်​ဆေးပြီး လိုအပ်သည်များ ​ပေါင်းစပ်ဆောင်ရွက်​ပေးသည်။

ထို့နောက် ဟောင်ကြန့်ကျေးရွာအုပ်စု၊ နမ့်ယွန်းကျေးရွာရှိ တော်ဝင်မိုင်းယောင်း ဆန်စက်လည်ပတ်နေမှုနှင့် ကောင်းကဲကျေးရွာ ကြက်မွေးမြူရေးလုပ်ငန်းအခြေအနေအား မြို့နယ်နိုင်ငံ့စီးပွားမြှင့်တင်ရေးကြီးကြပ်မှုကော်မတီ စုစုပေါင်းအင်အား ငါးဦးဖြင့် ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း