ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာရှိ သမဝါယမအသင်းသားတောင်သူများ၏ မတ်ပဲသီးနှံစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှု

ပျဉ်းမနား နိုဝင်ဘာလ ၃၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆုယဉ်မြင့်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်ထောက်ပံ့ငွေ သက်တန့်ရောင်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့သည့် မိုးစပါးစိုက်ပျိုးဆောင်ရွက်မှုတွင် ရေကြီးနစ်မြှုပ်ပျက်စီးခဲ့သည့် စိုက်ဧကများအား အစားထိုးသီးနှံ မတ်ပဲပြန်လည်စိုက်ပျိုးထားသည့် ပျဉ်းမနားမြို့နယ်၊ သစ်ဆိမ့်ကျေးရွာရှိ သစ်ဆိမ့်ပင် စိုက်ပျိုးရေးနှင့်အထွေထွေစီးပွားရေးသမဝါယမအသင်းသားတောင်သူများနှင့် သွားရောက်တွေ့ဆုံခဲ့ကြသည်။

ဦးစွာ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် သစ်ဆိမ့်ပင်စိုက်ပျိုးရေးနှင့် အထွေထွေစီးပွားရေး သမဝါယမအသင်းသားတောင်သူများ အစားထိုးပြန်လည်စိုက်ပျိုးထားသည့် မတ်ပဲသီးနှံများအား ကွင်းဆင်းကြည့်ရှုပြီး ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်းပြည့်မီစေရေးအတွက် မြို့နယ်ဦးစီးဌာနနှင့် အသင်းသားများ ပေါင်းစပ်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းမွန်စေရေးအတွက် အဖျက်ပိုးမွှားအန္တရာယ်များကျရောက်မှုမရှိစေရေး ပေါင်းသတ်ဆေး၊ ပိုးသတ်ဆေး၊ အပင်အားတိုးဆေးနှင့် အသီးအပွင့်အားတိုးဆေးတို့ကို သတ်မှတ်အချိန်တွင် စံချိန်စံနှုန်းများအတိုင်း နည်းစနစ်မှန်ကန်စွာဖြင့် အသုံးပြုသွားရန်လိုအပ်ကြောင်း၊ မြို့နယ်ဦးစီးဌာနမှတာဝန်ရှိသူများကလည်း စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုပြီး အသင်းသားတောင်သူများ၏ လိုအပ်ချက်များကို ပေါင်းစပ်ဆောင်ရွက်ပေးသွားရန်မှာကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)