မော်လမြိုင် နိုဝင်ဘာ ၂၉
မွန်ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေး အဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး E-government ကွန်ပျုတာခန်းမ၌ ကျင်းပရာ မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိနန္ဒာဝင်းက အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ ၂၀၂၅ ခုနှစ်အတွင်းဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌများက အထွေထွေလုပ်ငန်း ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးသည်။
ယင်းနောက် ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မြသန်းက ဆွေးနွေးမှာကြားသည်။ ဆက်လက်၍ အလှူငွေပေးအပ်ခြင်းအခမ်းအနားကို ရာမညခန်းမ၌ ကျင်းပရာ မော်လမြိုင်မြို့ရှိ လုပ်ငန်းရှင်များမှအလှူငွေများပေးအပ်လှူဒါန်းကြပြီး မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့က လက်ခံရယူကာဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ယင်းနောက် မွန်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါက်တာဝတ်မှုံက အလှူရှင်များအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)