မိုးနဲ နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်အား ဒုတိယပုဂံဟု တင်စားခေါ်ဝေါ်ရသည်အထိ ဘုရားစေတီပုထိုးများ များပြားလျက်ရှိရာ ခရီးသွားဧည့်သည်များအား ဆွဲဆောင်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာလှပစေရေး ဌာနဆိုင်ရာများ ပြည်သူများပူးပေါင်းကာ အပတ်စဉ် ဝိုင်းဝန်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၇ နာရီခွဲအချိန်တွင် ဆင်တောင်(လွိုင်စန့်)စေတီဘုရား၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဘုရားစေတီသည် မိုးနဲမြို့၏ အထင်ကရနေရာတစ်ခုဖြစ်သကဲ့သို့ လပြည့်နေ့များ လကွယ်နေ့များနှင့် နေ့ကြီးရက်ကြီးများတွင် အများပြည်သူအများအပြား လာရောက်ကုသိုလ်ယူလျက်ရှိသည့် နေရာတစ်ခုဖြစ်ကြောင်း၊ ယနေ့တွင် ဘုရားစေတီများအနီးတွက် ပေါင်းမြတ်များရှင်းလင်းခြင်း၊ စနစ်တစ်ကျစွန့်ပစ်ခြင်းတို့ကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြောင်းနှင့် အများပြည်သူများအတွက် များစွာအကျိုးရှိကြောင်း ရပ်ကွက်နေပြည်သူများထံမှ သိရသည်။
ဇင်ကိုကို