မိုင်းရှူးမြို့၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် လိုက်လံစစ်ဆေး

မိုင်းရှူး နိုဝင်ဘာ ၂၉

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများမှန်ကန်မှုရှိရေးအတွက် မဲစာရင်းများအား Door to Door စနစ်ဖြင့် ယမန်နေ့မွန်းလွဲပိုင်းက​ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်သို့ မြေပြင်တစ်အိမ်တက်ဆင်း၍  လိုက်လံစစ်ဆေးခဲ့သည်။

ထိုသို့လိုက်လံစစ်ဆေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်/ကျေးစာရေးများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ စေတနာ့ဝန်ထမ်းများပါဝင်သည့် စာရင်းကောက်ယူရေးအဖွဲ့များက မြို့နယ်အတွင်း ရပ်ကွက်နှင့်ကျေးရွာများတွင် သတ်မှတ်စာရင်းပုံစံများဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ(၂၈)ရက်နေ့မှ ဒီဇင်ဘာ(၈)ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)