တောင်ကြီး နိုဝင်ဘာ ၂၉
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တာဝန်ခံ ဦးခင်မောင်ဦးသည် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မင်းဝင်း၊ တောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူးတို့လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ဆီဆိုင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် သက်ဆိုင်ရာတာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး အ.ထ.က(၁)ဆီဆိုင်၊ ယုဇနခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ဝင် (၃၈)ဦးဖြင့် ဖွင့်လှစ်လျက်ရှိသည့် ရပ်ကွက်/ကျေးရွာအုပ်စု၊ ကော်မရှင်အဖွဲ့ခွဲသင်တန်းကို ကြည့်ရှုအားပေးပြီး ဆီဆိုင်မြို့၊ သီရိရပ်ကွက်၊ မင်္ဂလာရပ်ကွက်နှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုတို့တွင် ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် ဟိုပုံးမြို့သို့ရောက်ရှိကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများက လုပ်ငန်းများအလိုက်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဆွေးနွေးပြောကြားခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ယင်းနောက် ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဝင် (၅၆)ဦးဖြင့် သင်တန်းဖွင့်လှစ်နေမှုနှင့် ဟိုပုံးမြို့နယ် ၊ နမ့်ခုတ်ကျေးရွာအုပ်စု၊ အနောက်ရပ်ကွက်နှင့် တုံခမ်းရပ်ကွက်တို့တွင် ဒုတိယအကြိမ်မဲစာရင်းကပ်ထားကြေညာမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်လျက်ရှိသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးများ သင်တန်းပို့ချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)