လားရှိုး နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူး၍ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားစက်မှုလက်မှုလုပ်ငန်း များပေါ်ထွက်လာစေရန်နှင့် ကျေးလက်နေပြည်သူများဝင်ငွေတိုးပွားလာစေရန်အတွက် ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို နိုဝင်ဘာ ၂၈ ရက် နံနက် ၉ နာရီခွဲက ရပ်ကွက် (၁) နယ်မြေ (၁)ရှိ လားဟူနှစ်ချင်းခရစ်ယာန်ဘုရားကျောင်း၌ ကျင်းပသည်။
ဦးစွာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သီသီစိုးကက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်လှစ်ခြင်း၊ လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအတွက် သင်သန်းသား၊ သင်တန်းသူများလက်ဝယ်သို့ ကုန်ချောပစ္စည်းများ၊ သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းတွင်ထူးချွန်စွာ အောင်မြင်သည့် သင်တန်းသားသင်တန်းသူ ၃ ဦးကို လုပ်ငန်းစတင်လည်ပတ်ရန်အတွက် လုပ်ငန်းသုံးပစ္စည်းများ ချီးမြှင့်ပေးအပ်သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် လူသုံးကုန် ထုတ်လုပ်မှုနည်းပညာများအကြောင်း၊ လူသုံးကုန်လုပ်ငန်းသုံး ဓာတုဗေဒပစ္စည်းများအကြောင်း၊ အဝတ်လျှော်ဆပ်ပြာရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော်ရည်၊ Body Scrub၊ မျက်နှာသစ်ဆပ်ပြာခဲအမျိုးမျိုး၊ ကိုယ်တိုက်ဆပ်ပြာ၊ ပရုပ်ဆီ၊ မှန်ကြည်ဆေး၊ Hand Spray စသည့် လူသုံးကုန်ထုတ်လုပ်နည်းများအား နိုဝင်ဘာ ၂၄ ရက်မှ ၂၈ ရက်အထိ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၀ တို့ကိုသင်ကြားပို့ချသင်ကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)