မဟာအောင်မြေ နိုဝင်ဘာ ၂၇
မဟာအောင်မြေမြို့နယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးသို့ အခြားမဲဆန္ဒနယ်များတွင် နေထိုင်ခဲ့ပြီး လက်ရှိတွင်မဟာအောင်မြို့နယ်သို့အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူများမှ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၅ ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲပေးသည့်နေရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးရဲမင်းလွင်နှင့်အဖွဲ့ဝင်များ တက်ရောက်ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မဟာအောင်မြို့နယ်သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေထိုင်ကြသူများမှ ပုံစံ (၁၅) ဖြင့် ကြိုတင်မဲဆောင်ရွက်ခြင်းကို နိုဝင်ဘာ ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ငါးရက်ကြာ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း