မိုးနဲ နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ယနေ့နံနက် ၁၀ နာရီခွဲက အမှတ်(၆)နောင်ခမ်း အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေက ကျောင်းစာကြည့်တိုက်လုပ်ငန်းများ အသက်ဝင်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာဖတ်သည့်အလေ့အထများရရှိစေရန် ထားရှိသင့်သည့် စာအုပ်များ၊ တိုက်ပိုင် အမှတ်နှင့် ရေးသွင်းရက်စွဲများကို မှန်ကန်စွာဖြည့်သွင်းနိုင်စေရန်၊ စာငှားစာဖတ်သူ တိုးပွားလာစေရန်၊ စာအုပ်စာစောင်များ ပျက်စီးမှုမရှိစေရန် စသည့်အချက်များကို ပြောကြားပေးခဲ့သည်။
ဇင်ကိုကို