မိုင်းခတ် နိုဝင်ဘာ ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ပါဒီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပ ဆောင်ရွက်နိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲဝင်များ ရွေးကောက်ပွဲလုပ်ငန်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အေးချမ်းသာခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးရှီးမွန်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းတွင် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၇ ရက်နေ့အထိ ပြင်ဆင်ထားသည့် လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေများနှင့်အညီ ပြင်ဆင်ရေးသားပုံနှပ်ထားသည့် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲလုပ်ငန်း လမ်းညွှန်ဆိုင်ရာများ၊ အီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာများကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်းသင်တန်းသား၊ သင်တန်းသူဦးရေ (၈၄)ဦး တက်ရောက် သင်ကြားလျက်ရှိပြီး သင်တန်းနည်းပြ ၃ ဦးမှ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)